နှစ်ဖက်မိဘများကိုအမှူးထားပြီး စေတီ(၃)ဆူလှူဒါန်းပူဇော်ခဲ့ကြတဲ့ အောင်သူနဲ့ပိုးအိအိခန့်တို့ဇနီးမောင်နှံ
နိုင်ငံကျော်သရုပ်ဆောင်မင်းသမီးလေးပိုးအိအိခန့်နဲ့နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်ဘောလုံးသမားအောင်သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကတော့ပရိသတ်တွေအကြားမှာကြည်နူးရာဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ကျင်လည်ရာနယ်ပယ်အသီးသီးမှာအောင်မြင်နေကြတဲ့အောင်သူနဲ့
ပိုးအိအိခန့်တို့ကအွန်လိုင်းမှာဆုံတွေ့ပြီးတဲ့နောက် တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်ခဲ့ကာ (၂၀၁၉)ခုနှစ်မတ်လအတွင်းမှာလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ လူငယ်လူရွယ်ဇနီးမောင်နှံဆိုပေမယ့်အပျော်အပါးထက်မိသားစုတာဝန်တွေနဲ့ဘာသာရေးကိုပိုမိုအလေးထားတဲ့အောင်သူနဲ့
ပိုးအိအိခန့်တို့ဇနီးမောင်နှံဟာဒီတစ်ခေါက်မှာလည်းနှစ်ဖက်မိဘတွေကိုအမှူးထားပြီးစေတီ(၃)ဆူလှူဒါန်းပူဇော်ခဲ့တယ်လို့သိရပါတယ်။အောင်သူနဲ့ပိုးအိအိခန့်တို့ဇနီးမောင်နှံဟာလှည်းကူးမြို့ကျွန်ကုန်းကျေးရွာ၊ဗောဓိဓာတ်ပေါင်းစစ်ကိုင်းကျောင်းတွေတည်ထားပူဇော်သောမဂ္ဂဖလ
ဓမ္မစေတီတော်မှာနှစ်ဖက်မိဘကိုအမှူးထားပြီးစေတီ(၂)ဆူ၊ ဇနီးမောင်နှံနှစ်ယောက်နဲ့သားလေးသွင်ဦးဟန်အတွက်စေတီ(၁)ဆူ၊စုစုပေါင်းစေတီ (၃)ဆူကိုလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ အောင်သူနဲ့ပိုးအိအိခန့်တို့ကတော့လက်ရှိမှာအောင်သူ့ရဲ့အလုပ်ကိစ္စကြောင့်ထိုင်းနိုင်ငံမှာနေထိုင်
နေရတယ်ဆိုပေမယ့်ဘာသာရေး၊ကုသိုလ်ရေးနဲ့အဆက်မပြတ်သွားတာကိုတွေ့ရပါတယ်။ မြန်မာပြည်ကြီးလဲအမြန်ဆုံးငြိမ်းချမ်းပြီးဖတ်ရှု့ပေးကြတဲ့ မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွ.တ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ ခရက်ဒစ် SAI
ဇော်​ဂျီကုဒ်​ဖြင့်​ ဖတ်​ရှူ့ကြရန်