မိသားစုတစ္စုလုံး ကုသိုလ္ျပဳရင္း ျပည္သူမ်ားေအးခ်မ္းဖို႔ ဆုေတာင္းေမတၱာ ပို႔,သ,ေနတဲ့ ေမကဗ်ာတို႔မိသားစုေလး

အႏုပညာေလာကမွာ ဆယ္စုႏွစ္မက ေအာင္ျမင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ေမကဗ်ာ ကိုေတာ့ လူတိုင္းကခ်စ္ခင္ အားေပးလ်က္ရွိပါတယ္။ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္တစ္ဦး ျဖစ္တဲ့ ေမကဗ်ာ ကေတာ့ ဗီဒီယို ေခတ္ကေနစၿပီး ေခါင္းေဆာင္မင္းသမီး

ေနရာကေန ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူး ေအာင္ျမင္ခဲ့တာ ျဖစ္ၿပီး ဘယ္ဇာတ္႐ုပ္ကို မဆို အေကာင္းဆုံး ပီျပင္ေအာင္ လုပ္ေဆာင္ ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ေနရာတစ္ေနရာကို အခိုင္အမာ ရယူထားႏိုင္သူ တစ္ေယာက္ပါ။

ဒါ့အျပင္ ေမကဗ်ာက ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းကိုလည္း ဦးေဆာင္လုပ္ကိုင္ေနတာျဖစ္ေနတဲ့အျပင္ Live sales ေတြလည္း ျပဳလုပ္ရင္း ပရိသတ္ေတြရဲ႕ အခ်စ္ကိုရရွိေနတာျဖစ္ပါတယ္။ ေမကဗ်ာက သူမရဲ႕ လုပ္အားခေလးေတြနဲ႔လည္း

အလႉဒါနေတြကိုလည္း မၾကာခဏဆိုသလို ရက္ရက္ေရာေရာ လုပ္တတ္တဲ့အျပင္ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔လည္း ေပ်ာ္ေပ်ာ္ေနတတ္သူေလးပါ။ ဒီေန႔မွာလည္း မိသားစုလိုက္ ေအးခ်မ္းတဲ့ ဘုရားရိပ္တရားရိပ္မွာ ေကာင္းမႈကုသိုလ္မ်ားစြာ

ျပဳလုပ္ေနေၾကာင္း ေရးသားေဖာ္ျပလာပါတယ္။ သူကိုယ္တိုင္လည္း ေယာဂီဝတ္ရင္း ျမန္မာျပည္သူျပည္သားမ်ားအားလုံးအတြက္ပါ ေမတၱာပို႔သ ဆုေတာင္းေပးေနေၾကာင္းကို ”မိသားစု အားလုံးတရားရိပ္မွာ အဖြားဆရာေလးအတြက္

ကုသိုလ္ျပဳပါ သာ့သနာ့ေဘာင္ဝင္ ေယာဂီဝတ္ရင္း ျမန္မာျပည္သူျပည္သားမ်ားအားလုံးအတြက္ ေမတၳာပို႔ဆုေတာင္းေပးပါတယ္” လို႔ဆိုၿပီး ေရသားေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း သာဓုေခၚႏိုင္ေစရန္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

အနုပညာလောကမှာ ဆယ်စုနှစ်မက အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် မေကဗျာ ကိုတော့ လူတိုင်းကချစ်ခင် အားပေးလျက်ရှိပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်တဲ့ မေကဗျာ ကတော့ ဗီဒီယို ခေတ်ကနေစပြီး ခေါင်းဆောင်မင်းသမီး

နေရာကနေ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူး အောင်မြင်ခဲ့တာ ဖြစ်ပြီး ဘယ်ဇာတ်ရုပ်ကို မဆို အကောင်းဆုံး ပီပြင်အောင် လုပ်ဆောင် နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်သူ တစ်ယောက်ပါ။

ဒါ့အပြင် မေကဗျာက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း ဦးဆောင်လုပ်ကိုင်နေတာဖြစ်နေတဲ့အပြင် Live sales တွေလည်း ပြုလုပ်ရင်း ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေတာဖြစ်ပါတယ်။ မေကဗျာက သူမရဲ့ လုပ်အားခလေးတွေနဲ့လည်း

အလှူဒါနတွေကိုလည်း မကြာခဏဆိုသလို ရက်ရက်ရောရော လုပ်တတ်တဲ့အပြင် မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်သူလေးပါ။ ဒီနေ့မှာလည်း မိသားစုလိုက် အေးချမ်းတဲ့ ဘုရားရိပ်တရားရိပ်မှာ ကောင်းမှုကုသိုလ်များစွာ

ပြုလုပ်နေကြောင်း ရေးသားဖော်ပြလာပါတယ်။ သူကိုယ်တိုင်လည်း ယောဂီဝတ်ရင်း မြန်မာပြည်သူပြည်သားများအားလုံးအတွက်ပါ မေတ္တာပို့သ ဆုတောင်းပေးနေကြောင်းကို ”မိသားစု အားလုံးတရားရိပ်မှာ အဖွားဆရာလေးအတွက်

ကုသိုလ်ပြုပါ သာ့သနာ့ဘောင်ဝင် ယောဂီဝတ်ရင်း မြန်မာပြည်သူပြည်သားများအားလုံးအတွက် မေတ္ထာပို့ဆုတောင်းပေးပါတယ်” လို့ဆိုပြီး ရေသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။