သ န တ်သံတွေ အဆက်မပြ တ်ကြားနေရတဲ့ နေရာတစ်ခုမှကြောက်ကြောက်လန့်လန့်နဲ့ အိမ်သာထဲမှာဝင်ပုန်းနေကြတဲ့ ကိုရင်ငယ်လေးများ (ရုပ်သံ)
ယူနီကုဒ်ဖြင့်ဖတ်ရန်
ယခုလတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တစ်ခုကတော့ ပြည်သူတွေကို အရမ်းစိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ဗီဒီယိုထဲမှာတော့ သ န တ်သံတွေ အဆက်မ ပြ တ်ကြားနေရတဲ့ နေရာတစ်ခုမှာ ကိုရင်ငယ်လေးတွေ
ပုန်းနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ငယ်ရွယ်သေးတဲ့ ကိုရင်လေးတွေက ကြောက်ကြောက်လန့်လန့်နဲ့ ပုန်းနေရတာဖြစ်ပြီး တစ်ချို့ဆိုရင် သူတို့ရဲ့နားတွေကို လက်နှစ်ဖက်နဲ့ ပိတ်ထားကြတာ ဖြစ်ပါတယ်။ဘာမှမသိနားမလည်သေးတဲ့ ကိုရင်လေးတွေက
ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုထိ တ်လ န့်စရာကောင်းတဲ့အခြေအနေကို ကြုံလိုက်ရလို့ တုန်လှုပ်နေကြတာလည်း ဖြစ်ပါတယ်။ ဒီဗီဒီယိုကို ပြန်လည်မျှဝေခဲ့တဲ့သူကတော့ ကိုရင်ငယ်လေးတွေက အရမ်းကြော က်နေတာကြောင့် အိမ်သာထဲမှာ ဝင်ပုန်းနေတာ
ဖြစ်ကြောင်း ရေးသားထားတာလည်း တွေ့ရပါတယ်။ဒါပေမဲ့ ကိုရင်လေးတွေရှိတဲ့နေရာကို အတိအကျကို မဖော်ပြထားတာကြောင့် ဒီဖြစ်ရပ်က ဘယ်နေရာမှာဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုက ယခုလက်ရှိ
လူမှုကွန်ယက်စာမျက်နှာမှာ အရမ်းလူကြည့်များနေပြီးတစ်ဆင့်ပြန်လည်မျှဝေသူတွေလည်း အများအပြားရှိနေတာကို တွေ့ရပါတယ်။ ပြည်သူတွေကတော့ ဘယ်နေရာမှာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီလိုမြင်ကွင်းမျိုးက ဖြစ်ကိုမဖြစ်သင့်ဘူးလို့ ယူဆနေကြတာဖြစ်ပြီး
ကိုရင်ငယ်လေးတွေကိုလည်း စာနာသနားနေကြတာ ဖြစ်ပါတယ်။သ န တ် သံတွေကြောင့် ကြောက်အား လန့်အားနဲ့ ပုန်းအောင်းနေရရှာတဲ့ ကိုရင်ငယ်လေးတွေရဲ့ဗီဒီယိုကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်.