ပျော်စရာစိတ်ထွက်ပေါက်ဆိုလို့ ဒါပဲရှိတာကြောင့် ခန္ဓာကိုယ်နွဲ့နွဲ့နှောင်းနှောင်းနဲ့ ကနေကြတဲ့ ပီဒီအက်ဖ် လူငယ်လေးများ (ရုပ်သံ)








ယူနီကုဒ်ဖြင့်ဖတ်ရန်

ပြည်သူတွေကို ကာကွယ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ တောထဲဝင်ပြီး အပြ.င်းအထ.န်လေ့ကျင့်နေကြတဲ့ လူငယ်လေးတွေကတော့ အားသွန်ခွန်စိုက် ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ အခုချိန်မှာ မိုးရာသီလည်း ရောက်လာပြီဖြစ်လို့

လူငယ်လေးတွေကတော့ တောတောင်ထဲမှာ ချမ်းစိမ့်နေမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပြည်သူတွေက ပြည်မကြီးထဲမှာ မိုးကြိုက်သလောက်ရွာပြီး တောတောင်ထဲမှာ မရွာပါနဲ့ဦးလို့ ဆုတောင်းနေကြတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ လိုအပ်မယ့် ပစ္စည်းတွေကိုလည်း စေတနာရှင်တွေက လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။ လူငယ်တွေကတော့ ရဲစွမ်းသတ္တိအပြည့်ရှိကြလို့ ဘယ်လိုဒု.က္ခမျိုးကိုမဆို စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့

ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။ မိသားစုနဲ့အတူ နွေးနွေးထွေးထွေး နေထိုင်နေရမယ့် အခုလိုအချိန်မှာ အများအကျိုးအတွက် တောတောင်ထဲမှာ ဖြစ်သလိုနေထိုင်နေရတာ ဖြစ်ပါတယ်။ လူငယ်တွေကတော့ တို.က်.ပွဲ.အတွက် အပြ.င်းအထ.န်

လေ့ကျင့်ကြသလို ခဏနားတဲ့အချိန်မှာလည်း ပျော်စရာလေးတွေ ဖန်တီးကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ PDF လူငယ်လေးတွေက (တစ်ဦးတည်းသောသမီးလေး) ဆိုတဲ့သီချင်းနဲ့ ပျော်ပျော်ပါးပါး က,နေကြတာဖြစ်ပါတယ်။

သီချင်းလေးနဲ့ လိုက်ဖက်ညီအောင် စည်းချက်ကျကျ က,နေကြတဲ့ လူငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ပြည်သူတွေလည်း ခဏတာစိတ်ချမ်းသာရတာ ဖြစ်ပါတယ်။ လူငယ်လေးတွေကလည်း သူတို့မှာ ပျော်စရာဆိုတာ မရှိသလောက်

ရှားတာကြောင့် ပျော်နေတဲ့ပုံပေါက်နေရင် ခွင့်လွှတ်ပေးဖို့လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။ သ.န.တ်.ကြီးတွေကိုင်ပြီး ခန္ဓာကိုယ်နွဲ့နွဲ့နှောင်းနှောင်းနဲ့ က,နေကြတဲ့ လူငယ်တွေရဲ့ ချစ်စရာဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။