၅…၅….၅၀၀ က်ပ္ပဲ ေပးပါ….. ၅၀၀ ရရင္ အေမ့ဆီထမင္းဝယ္ၿပီးျပန္မယ္

မီးပြိဳင့္ စိမ္းခါနီးBack မွန္ေလးထဲကေန ႐ုတ္တရက္ ေတြ႕ျမင္လိုက္.ကားေလး ေဘးခ်ရပ္ၿပီ.လမ္းေလး ေလွ်ာက္ကာအဘေရ တကုံး ဘယ္ေလာက္တုန္း? ၅…၅…၅၀၀ ပဲ ေပးပါကြာ (အဘက စကားထစ္ မသန္စြမ္း တေယာက္ပါ)

တကုံးပဲ ရွိေတာ့တာလား အဘ? မနက္တည္းက ဒီတကုံးပဲ ရွိတာပါတဲ့ ( အဘက မသန္စြမ္းေတာ့ သိပ္မဝယ္ၾကဘူးထင္တယ္ ပန္းကႏြမ္းေနပါၿပီ မီးစိမ္းၿပီဆို ကားေတြကမေစာင့္ခ်င္ အဘက ေျဖးေျဖးခ်င္း မနည္း လမ္းေဘးျပန္ေလွ်ာက္ေနရတယ္)

Back မွန္ထဲက ေတြ႕ရတာပါ ေအာဟုတ္ က်ေနာ္ယူမယ္ေနာ္ေက်း…ေက်း…ေက်းဇူးတင္ပါတယ္ကြာ… အေမ့တြက္ ထမင္းဟင္းဝယ္လို႔ရၿပီ… ဟုတ္…ဟုတ္ အဘ….က်ေနာ္ ေပးမယ္ေနာ္အေမက အသက္ဘယ္ေလာက္ရွိၿပီလဲ…အဘကေကာ?

အေမက…အသက္ (80)ေက်ာ္…အဘက (52)ႏွစ္ရွိၿပီတဲ့ ဟုတ္…အဘ…. ေရာ့ ပန္းဖိုး 20000 Ks အဘ…မွာ ျပန္အမ္းဖို႔ မရွိဘူး (အိတ္ေလးထဲ လက္ေလးႏႈိက္ၿပီ ရွာေနရွာတယ္) မအမ္းနဲ႔ အဘ…. မိုး႐ြာေတာ့မယ္ အိမ္ျပန္ေတာ့ေနာ္

အဖြားတြက္ ထမင္းဟင္း ဝယ္သြားလိုက္ေနာ္…အဖြားအတြက္ 10000 Ks. အဘအတြက္ 10000 Ks ယူလိုက္ေနာ္မပီသတဲ့ လုံးေထြးေနေသာ ဆုေတာင္းသံေလးမ်ားႏွင့္ အဘ အိမ္ျပန္သြားတယ္ အဘ ပန္းေလး…ကားေလးထဲ

ခ်ိတ္ထားလိုက္ပါတယ္ ဆင္းရဲႏြမ္းပါး အဖိုးအဖြားမ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက #ကိုပူတူးႏွင့္ေဘာ္ဒါမ်ားKBZ Pay – 09795405717/Wave – 095408437 / 09795405717/CB – 0076 6005 0004 501.

ယူနီကုဒ္ျဖင့္ဖတ္ရန္

မီးပွိုင့် စိမ်းခါနီးBack မှန်လေးထဲကနေ ရုတ်တရက် တွေ့မြင်လိုက်.ကားလေး ဘေးချရပ်ပြီ.လမ်းလေး လျှောက်ကာအဘရေ တကုံး ဘယ်လောက်တုန်း? ၅…၅…၅၀၀ ပဲ ပေးပါကွာ (အဘက စကားထစ် မသန်စွမ်း တယောက်ပါ)

တကုံးပဲ ရှိတော့တာလား အဘ? မနက်တည်းက ဒီတကုံးပဲ ရှိတာပါတဲ့ ( အဘက မသန်စွမ်းတော့ သိပ်မဝယ်ကြဘူးထင်တယ် ပန်းကနွမ်းနေပါပြီ မီးစိမ်းပြီဆို ကားတွေကမစောင့်ချင် အဘက ဖြေးဖြေးချင်း မနည်း လမ်းဘေးပြန်လျှောက်နေရတယ်)

Back မှန်ထဲက တွေ့ရတာပါ အောဟုတ် ကျနော်ယူမယ်နော်ကျေး…ကျေး…ကျေးဇူးတင်ပါတယ်ကွာ… အမေ့တွက် ထမင်းဟင်းဝယ်လို့ရပြီ… ဟုတ်…ဟုတ် အဘ….ကျနော် ပေးမယ်နော်အမေက အသက်ဘယ်လောက်ရှိပြီလဲ…အဘကကော?

အမေက…အသက် (80)ကျော်…အဘက (52)နှစ်ရှိပြီတဲ့ ဟုတ်…အဘ…. ရော့ ပန်းဖိုး 20000 Ks အဘ…မှာ ပြန်အမ်းဖို့ မရှိဘူး (အိတ်လေးထဲ လက်လေးနှိုက်ပြီ ရှာနေရှာတယ်) မအမ်းနဲ့ အဘ…. မိုးရွာတော့မယ် အိမ်ပြန်တော့နော်

အဖွားတွက် ထမင်းဟင်း ဝယ်သွားလိုက်နော်…အဖွားအတွက် 10000 Ks. အဘအတွက် 10000 Ks ယူလိုက်နော်မပီသတဲ့ လုံးထွေးနေသော ဆုတောင်းသံလေးများနှင့် အဘ အိမ်ပြန်သွားတယ် အဘ ပန်းလေး…ကားလေးထဲ

ချိတ်ထားလိုက်ပါတယ် ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက #ကိုပူတူးနှင့်ဘော်ဒါများKBZ Pay – 09795405717/Wave – 095408437 / 09795405717/CB – 0076 6005 0004 501.