မင်းအောင်လှိုင်က မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့ရသည်ဟု လျှောက်ထားသည့် ဈေး ကု န်း ဆရာတော် လေ ယာ ဉ် ပျ က် ကျမှုတွင်ပျံလွန်တော်မူ (ရုပ်သံ)

ဈေးကုန်းဆရာတော်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့ရသည်ဟု လျှောက်ထား စစ်လေယာဉ် င ယ် ပျ က် ကျရာတွင် ပျံလွ န် တော်မူသွားခဲ့သူတစ်ဦးဖြစ်သည့် ဈေးကုန်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရအား






ယူနီကုဒ်ဖြင့်ဖတ်ရန်

ဈေးကုန်းဆရာတော်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့ရသည်ဟု ေလျှောက်ထား စစ်လေယာဉ် င ယ် ပျ က် ကျရာတွင် ပျံလွ န် တော်မူသွားခဲ့သူတစ်ဦးဖြစ်သည့် ဈေးကုန်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရအား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂ ရက်နေ့က သွားရောက်ဖူးမြော်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိခဲ့သောကြောင့် အာဏာသိမ်းခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ဆရာတော်သည် နေပြည်တော်ကောင်စီနယ်မြေ၊

ပျဉ်းမနားမြို့၊ ဈေးကုန်းကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ခဲ့သည်။ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစောဆုံး ဖူးမြှော်သောဆရာတော်လည်းဖြစ်သည်။နေပြည်တော်မှ ယနေ့ နံနက် ၇ နာရီခန့်က

ထွက်ခွာလာသော လေယာဉ်ငယ်တွင် ဈေးကုန်းဆရာတော်နှင့် စစ်ဘက်အရာရှိများ၊အရပ်ဘက်လူပုဂ္ဂိုလ်များသည် ပြင်ဦးလွင်မြို့နယ် သုံးတောင်ကျေးရွာအုပ်စု ကျောက်ဖျာဒိုးကျေး ရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာဈေးကုန်းပရိယတ္တိစာသင်တိုက်

ပန္နက်တော်တင်အခမ်းအနားကျင်းပပြုလုပ်ရန် သွားရောက်ကြခြင်းဖြစ်သည်ဟု အာဏာပိုင်သတင်းရပ်ကွက်အရသိရသည်။လိုက်ပါသွားခဲ့သောခရီးသည်အရေအတွက်နှင့်ပတ်သက်၍ အမျိုးမျိုးကွဲပြားမှုရှိနေသေးပြီး သိရှိထားရသည်ကတော့ ၁၂ ဦးဖြစ်သည်။

လေ ယာ ဉ်သည် နံနက် ၈ နာရီခန့်တွင် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် ရာသီ ဥတု ဆို းရွာ းမှုကြောင့် လေဆိပ်အနီး ပြင်ဦးလွင်သံမဏိစက်ရုံ အနောက်ဘက် ပေ ၁၀၀၀ ခန့်တွင် ဆက်သွယ်မှု ပြ တ်တော က် ပျ က် ကျခဲ့သည်ဟု အာဏာပိုင်များက လက်ခံထားကြသည်။