PDF အဖြဲ႕ဝင္ လူငယ္ေလးတစ္ဦးရဲ႕ ေ.သတမ္းစာ

တိုင္ျပည္ကိုကာကြယ္ဖို႔ လူငယ္တစ္ခ်ိဴ႕ဟာ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ထဲ ဝင္ခဲ့ၾကပါတယ္။

အခုဆိုရင္ေရွ႕တန္းမွာ က်ဆုံးသြားခဲ့ရတဲ့ PDF အဖြဲ႕ဝင္လူငယ္ေလးမ်ားလည္း ရွိေနခဲ့ပါတယ္။

ေရွ႕တန္းမွာေရာက္ေနတဲ့ PDF အဖြဲ႕ဝင္ လူငယ္ေလးတစ္ဦးဟာ သူရဲ႕ေ.သတမ္းစာကို အခုလို ေရးသားခဲ့ပါတယ္။

ေရွ႕တန္းေရာက္ေနၿပီဆိုေတာ့ ဘဝက မေသခ်ာေတာ့ဘူး သူငယ္ခ်င္းတို႔၊ ငါအသက္ရွင္ေနသေ႐ြ႕ေတာ့ ေတာ္လွန္ေနအုံးမွာပဲ။

ငါေၾကာက္တာတစ္ခုက ေသမွာမဟုတ္ဘူး၊ ငါေသသြားလို႔ ဒီေတာ္လွန္ေရး မေအာင္ျမင္ေတာ့မွာကို စိုးတယ္။

အခုဆို ေသြးေအးသြားၾကတဲ့လူေတြ အမ်ားႀကီး၊ ငါတို႔မွာလည္း မိဘေတြ ကိုယ္ခ်စ္တဲ့သူေတြကို ထားခဲ့ရၿပီး တိုင္းျပည္အတြက္ ကာကြယ္ေပးေနၾကတာ၊

အခု ငါေရးတဲ့စာေတာင္ အဆုံးထိ ဖတ္ၾကမယ္မထင္ေတာ့ဘူး။ ငါတို႔ေတြ အင္အားတစ္ခုနဲ႔ ပါဝင္ေပးၾကမယ္ဆိုရင္

ငါတို႔ေဘးမွာက်သြားတဲ့ ညီငယ္ေလးေတြကို မဆုံးရႈံးရေတာ့ဘူး၊ ဒါေပမယ့္ အားလုံး ပါဝင္ေပးၾကပါလို႔ ေတာင္းဆိုတာဟာ

မျဖစ္ႏိုင္တဲ့ အရာတစ္ခုပါကြာ၊ ငါတိုက္ပြဲမွာ က်သြားခဲ့ရင္ ငါ့မိဘကို ေစာင့္ေရွာက္ေပးပါ အလႉေငြေတြထည့္ၿပီး လႉေပးပါလို႔ ငါမေတာင္းဆိုဘူး၊

ငါေတာင္းဆိုခ်င္တာတစ္ခု ဒီပြဲကိုႏိုင္ေအာင္ တိုက္ေပးၾကေပးပါ။

အခုတခ်ိဳ႕ဆို ပုံမွန္အလုပ္ေလးေတြျပန္လုပ္ ေက်ာင္းတတ္သူကတတ္၊ ႐ုံးတတ္သူကတတ္၊ ကလပ္သြားလိုက္၊ ဘားသြားလိုက္နဲ႔ ျဖစ္ကုန္ၾကၿပီဟာ၊

အဲ့တာေတြျမင္ရတာ ေတာထဲေရာက္ေနတဲ့ ငါတို႔ စိတ္မေကာင္းဘူး” ဆိုၿပီး ေရသားထားတာကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

တိုင်ပြည်ကိုကာကွယ်ဖို့ လူငယ်တစ်ချိူ့ဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော်ထဲ ဝင်ခဲ့ကြပါတယ်။

အခုဆိုရင်ရှေ့တန်းမှာ ကျဆုံးသွားခဲ့ရတဲ့ PDF အဖွဲ့ဝင်လူငယ်လေးများလည်း ရှိနေခဲ့ပါတယ်။

ရှေ့တန်းမှာရောက်နေတဲ့ PDF အဖွဲ့ဝင် လူငယ်လေးတစ်ဦးဟာ သူရဲ့ေ.သတမ်းစာကို အခုလို ရေးသားခဲ့ပါတယ်။

ရှေ့တန်းရောက်နေပြီဆိုတော့ ဘဝက မသေချာတော့ဘူး သူငယ်ချင်းတို့၊ ငါအသက်ရှင်နေသရွေ့တော့ တော်လှန်နေအုံးမှာပဲ။

ငါကြောက်တာတစ်ခုက သေမှာမဟုတ်ဘူး၊ ငါသေသွားလို့ ဒီတော်လှန်ရေး မအောင်မြင်တော့မှာကို စိုးတယ်။

အခုဆို သွေးအေးသွားကြတဲ့လူတွေ အများကြီး၊ ငါတို့မှာလည်း မိဘတွေ ကိုယ်ချစ်တဲ့သူတွေကို ထားခဲ့ရပြီး တိုင်းပြည်အတွက် ကာကွယ်ပေးနေကြတာ၊

အခု ငါရေးတဲ့စာတောင် အဆုံးထိ ဖတ်ကြမယ်မထင်တော့ဘူး။ ငါတို့တွေ အင်အားတစ်ခုနဲ့ ပါဝင်ပေးကြမယ်ဆိုရင်

ငါတို့ဘေးမှာကျသွားတဲ့ ညီငယ်လေးတွေကို မဆုံးရှုံးရတော့ဘူး၊ ဒါပေမယ့် အားလုံး ပါဝင်ပေးကြပါလို့ တောင်းဆိုတာဟာ

မဖြစ်နိုင်တဲ့ အရာတစ်ခုပါကွာ၊ ငါတိုက်ပွဲမှာ ကျသွားခဲ့ရင် ငါ့မိဘကို စောင့်ရှောက်ပေးပါ အလှူငွေတွေထည့်ပြီး လှူပေးပါလို့ ငါမတောင်းဆိုဘူး၊

ငါတောင်းဆိုချင်တာတစ်ခု ဒီပွဲကိုနိုင်အောင် တိုက်ပေးကြပေးပါ။

အခုတချို့ဆို ပုံမှန်အလုပ်လေးတွေပြန်လုပ် ကျောင်းတတ်သူကတတ်၊ ရုံးတတ်သူကတတ်၊ ကလပ်သွားလိုက်၊ ဘားသွားလိုက်နဲ့ ဖြစ်ကုန်ကြပြီဟာ၊

အဲ့တာတွေမြင်ရတာ တောထဲရောက်နေတဲ့ ငါတို့ စိတ်မကောင်းဘူး” ဆိုပြီး ရေသားထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။