ပျော်လိုက်တာ အဖေကြီးရယ် ကျမတို့ ဒီသားလေးကြောင့် လျှောက်မပတ်ရတော့ဘူး လာ အိမ်ပြန်ကြမယ် အဖေကြီးရေ
ယူနီကုဒ်ဖြင့်ဖတ်ရန်
အဖိုးက အသက် (၈၀) ရှိပီတဲ့ အဖွားက (၇၈) ရှိပြီတဲ့။ လင်မယား (၂)ယောက် မနက်ဆို တွံ့တေး-ခရမ်းဘက်ကနေ ရန်ကုန် တက်လာကြတယ်။ တစ်လမ်းဝင် တစ်လမ်းထွက် ပဲကောက်ညှင်းထုပ် ငှက်ပျော်ကောက်ညှင်းထုပ်လေးတွေ လိုက်ရောင်းကြတယ်။
ကျနော်လဲ အပြင်သွားရင်းဗိုက်ဆာ အဖိုးအဖွားတို့နှင့်ကွက်တိတိုး။ “အဖိုးအဖွား ဘယ်လိုရောင်း?”။ “အသေး ၃ ထုပ် 1,000 Ks, အကြီး ၁ ထုပ် 500 Ks”။ “ဟုတ်အဖွား ဘယ်နှထုပ်ရှိတုန်း?”။ “အများကြီးပဲသားလေး”။ “ဟုတ် အဲ့အများကြီးအကုန်
သားယူမယ်အဖွား တွက်ကြည့်လိုက်နော်”။ “အကုန် 23,000 Ks သားရေ”။ “ဟုတ် အဖွား”။ “ရော့ ဒါကမုန့်အတွက် 25,000 Ks နော် ဒါက အဖိုးနဲ့အဖွား လိုရာသုံးဖို့ 25,000 Ks နော် အဖွားတို့ မိုးရွာနေပြီနော် အိမ်ပြန်တော့နော်”
“ကျေးဇူးတင်လိုက်တာ သားလေးရယ် အဖွားတို့ လျှောက်မပတ်ရတော့ဘူး ဖေကြီးရေ လက်ဖက်ရည်လေး သောက်ပြီး ကျမတို့ ပြန်ကြမယ်”
ကျနော်တို့တွေ အေးဆေး လက်ဖက်ရည်ဆိုင်ထိုင် မုန့်စားနိုင်ပေမယ့် တချို့အဖိုးအဖွားတွေ နေပူမရှောင်မိုးရွာမရှောင် တစ်လမ်းဝင် တစ်လမ်းထွက် နဖူးမှချွေး ခြေမကျတဲ့ထိ ရောင်းမှ လက်ဖက်ရည်လေးသောက်နိုင်ကြတာ၊ အဖိုးအဖွားတွေအတွက်
အမြဲ ကူညီနိုင်တဲ့သူ ဖြစ်ရပါစေ။ ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်းကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ၊ KBZ Pay – 09795405717၊ Wave – 095408437 / 09795405717၊ CB – 0076 6005 0004 5012။