မန်နေဂျာက လက်ဝတ်ရတနာနဲ့ပိုက်ဆံတွေ သိန်း ၇၀၀ ကျော်ဖိုးလောက် ခိုးသွားတဲ့အကြောင်း ပြောပြလာတဲ့ စွမ်းဇာနည်
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ မင်းသားချာလေး စွမ်းဇာနည်ကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းက တစိုက်မက်မက် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ စွမ်းဇာနည်က ”စွမ်းဇာတ်သဘင်” ကိုလည်း တည်ထောင်ထားပြီး
အမြို့မြို့အနယ်နယ်မှာ ကပြဖျော်ဖြေတာကြောင့် ပရိသတ်တွေကလည်း မိုးလင်းအထိကို အားပေးကြတာ ဖြစ်ပါတယ်နော်။ အခုခေတ်မှာဆိုရင် ဇာတ်သဘင်လောကက အရမ်းမတွင်ကျယ်တော့ပေမယ့် ပရိသတ်တွေကတော့
မြန်မာ့အငွ့အသက်တွေ လွှမ်းခြုံနေတဲ့ ဇာတ်ပွဲတွေကို မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ စွမ်းဇာနည် ကလည်း အခုချိန်မှာဆိုရင် အေးအေးချမ်းချမ်းနေထိုင်နေပြီး အနုပညာအလုပ်တွေကို ခဏနားထားတာဖြစ်ပါတယ်။ စွမ်းဇာနည်က
သိန်း ၇၀၀ ကျော်ဖိုးလောက် မန်နေဂျာက ခိုးတာခံလိုက်ရကြောင်း ပရိသတ်ကြီးကို ပြောပြလာခဲ့ပါတယ်။ စွမ်းဇာနည်က “”အရင်တုန်းက သိန်း ၃၀၀ ကနေ ၅၀၀ တန်လောက်အထိတန်တဲ့ စိန်နားကပ်တွေ ဝတ်ဖူးတယ်။
အခုတော့ မရှိတော့ဘူး အခိုးခံရလို့ ကုန်ပြီ။ မင်းသား မန်နေဂျာ/ ကိုယ့် မန်နေဂျာ က လက်ဝတ်ရတနာတွေ ၊ ပိုက်ဆံတွေရော၊ တန်ဖိုးကြီးတာတွေ အကုန် ခိုးသွားတယ်။ စုစုပေါင်း သိန်း ၇၀၀ ကျော်ဖိုးလောက် ပါသွားတယ်”
လို့ ပြောခဲ့ပါတယ်။ လတ်တလောမှာတော့ စွမ်းဇာနည်ဟာ စိန်ပစ္စည်းတွေကို Live လွှင့်ရောင်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလဲ စွမ်းဇာနည်ကို အားပေးစကားလေး ပြောပေးခဲ့ကြပါဦးနော်။