စိတ်အနှောက်ယှက်ဖြစ်စရာ လူတချို့ကို ထိထိမိမိ တုံ့ပြန်လိုက်တဲ့ ဖြိုးမြတ်အောင်
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ အဆိုတော် ဖြိုးမြတ်အောင်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင်တစ်ယောက်ဖြစ်ပြီး
ပရိသတ် အခိုင်အမာရရှိထားသူ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ ပြိုင်ပွဲဝင်စဉ်အချိန်မှာတည်းက ပရိသတ်တွေရဲ့ အမာခံ အားပေးမှုတွေကို ရရှိခဲ့ပြီး တစ်ကိုယ်တော် အခွေ အယ်လ်ဘမ်ထုတ်ချိန်မှာလည်း အားပေးမှု အမြင့်ဆုံးနဲ့
ရောင်းအား အကောင်းဆုံးဆုတွေကို ရရှိခဲ့ပြီး မကြာသေးခင်ကမှ “ဒုတိယဘုရားသခင်” သီချင်းနဲ့ Shwe FM က ဆုချီးမြှင့်တဲ့ အမျိုးသားတေး ဂီတဆုကို ရရှိခဲ့ပါသေးတယ်နော်။ ဂီတ သီချင်းတွေကိုလည်း အသစ်အသစ်တွေ ထွက်ဖို့
လုပ်နေပေမယ့် အားချိန်လေးတွေမှာလည်း ဘုရားတရား အလုပ်တွေကို ယုံကြည်မှုတွေနဲ့ လုပ်ဆောင်ကာ ကုသိုလ် ယူတတ်သူပါ။ အမြဲလို သည်းခံပြီး အပြုံးနဲ့ မေတ္တာတွေနဲ့သာ တုံ့ပြန်ပြောတတ်သူ ဖြိုးမြတ်အောင်က ဒီနေ့ ဒီဇင်ဘာလ
၁၄ ရက်နေ့မှာတော့ လူတချို့ကြောင့် စိတ်မကြည်တဲ့ အဖြစ်လေးကို “ဟေ့လူတွေ အရာရာ ပိုက်ဆံပေးတိုင်း မရဘူးနော်။ ပြောတတ်ဖို့ပဲလိုတယ်။ အတ္တမာနတွေ ခဝါချထားပေး သေရင် မိတ်ဆွေ နောက်ဘာမှ မပါဘူးကြားလား” ဆိုပြီး
သူ့ရဲ့ My day မှာ ရင်ဖွင့်တင်လာခဲ့ပါတယ်။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။