ျပည္တြင္းေလေၾကာင္း ခရီးစဥ္မ်ားတြင္ ေလယာဥ္စီးခရီးသည္မ်ား လိုက္နာေဆာင္႐ြက္ရန္

ေလယာဥ္ထြက္ခြာ/ ဆိုက္ေရာက္မည့္ ၿမိဳ႕နယ္မ်ား၏ Stay at Home သတ္မွတ္ခ်က္ေပၚ မူတည္ကာ လိုက္ပါမည့္ခရီးသည္မ်ား လိုက္နာေဆာင္႐ြက္ရမည့္ ကိုဗစ္ေရာဂါ ဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈႏွင့္ အသြားအလာ ကန႔္သတ္ျခင္း –  (က) ခရီးစဥ္ စတင္မထြက္ခြာမီ ၃၆ နာရီအတြင္း

Rapid Antigen Diagnostic Test (NDT)ျဖင့္ စစ္ေဆးထားသည့္ ကိုဗစ္ေရာဂါပိုး မရွိေၾကာင္း ဓါတ္ခြဲစမ္းသပ္ခ်က္ကို Check-in ဝင္သည့္အခ်ိန္၌ တင္ျပႏိုင္ရမည္။ (ခ) Check-in ဝင္သည့္အခ်ိန္တြင္ မိမိေနရပ္လိပ္စာ ျဖည့္စြက္ရာတြင္ ဆိုက္ေရာက္သည့္ၿမိဳ႕၌ တည္းခိုမည့္

ေနရာကို တိက်မွန္ကန္စြာ ျဖည့္စြက္ရမည္။ (ဂ) Stay-at-Home ေဒသမွလာေသာ ခရီးသည္မ်ားအေနျဖင့္ Non-Stay-at-Home ေဒသသို႔ေရာက္ရွိပါက FacilityQuarantine (သို႔မဟုတ္) Hotel Quarantine ဝင္ရမည္။ ေရာက္ရွိသည့္ေန႔၌ Facility Quarantine

မလုံေလာက္ပါက Hotel Quarantine ကို မိမိစရိတ္ျဖင့္ ဝင္ေရာက္ရမည္။ Quarantine ဝင္ေရာက္ၿပီး ၃ ရက္ေျမာက္ေန႔တြင္ RT-PCR Test ကို မိမိစရိတ္ျဖင့္ စစ္ေဆး၍ ေရာဂါပိုးမေတြ႕ရွိပါက Quarantine မွ ထြက္ႏိုင္သည္။ RT.PCR Test ျဖင့္ စစ္ေဆးႏိုင္ျခင္းမရွိဘဲ

Rapid Antigen Diagnostic Test (NDT) ျဖင့္သာစစ္ေဆးပါက Quarantine ကို ၇ ရက္အၾကာဝင္ရမည္။ စစ္ေဆးမႈစရိတ္မ်ားကို ေအာက္ပါအတိုင္း မိမိစရိတ္ျဖင့္ ေပးေခ်ရမည္။ စစ္ေဆးမႈအမ်ိဳးအစား – Reverse Transcriptase Polymerase Chain Reaction

Test (RT-PCR) တစ္ႀကိမ္ေဈးႏႈန္း ၃၅,၀၀၀ က်ပ္၊ Rapid Antigen Diagnostic Test (RDT)တစ္ႀကိမ္ေဈးႏႈန္း ၁၀,၀၀၀ က်ပ္၊ (ဃ) Stay-at-Home ေဒသမွလာေသာ ခရီးသည္မ်ားအေနျဖင့္ အျခား Stay-at-Homeေဒသသို႔ သြားပါက ခရီးစဥ္စတင္မထြက္ခြာမီ ၃၆

နာရီအတြင္း Rapid Antigen Diagnostic Test (NDT) ျဖင့္ စစ္ေဆးထားၿပီးျဖစ္သျဖင့္ Quarantine ဝင္ရန္မလို။ (c) Non-Stay-at-Home ေဒသမွလာေသာ ခရီးသည္မ်ားအေနျဖင့္ မည္သည့္ေဒသသို႔ပင္ သြားေစကာမူ ခရီးစဥ္ စတင္မထြက္ခြာမီ ၃၆ နာရီအတြင္း

Rapid AntigenDiagnostic Test (RDT) ျဖင့္ စစ္ေဆးထားၿပီး ျဖစ္သျဖင့္ Quarantine ဝင္ရန္မလို။ (စ) သက္ဆိုင္ရာၿမိဳ႕သို႔ ေလယာဥ္ဆိုက္ေရာက္ပါက ေဒသအာဏာပိုင္မ်ား၏ က်န္းမာေရးစစ္ေဆးမႈမ်ားႏွင့္ လိုအပ္ေသာ အသြားအလာကန႔္သတ္ျခင္း လုပ္ငန္းစဥ္မ်ားအား

မျဖစ္မေန လိုက္နာေဆာင္႐ြက္ရမည္။ (ဆ) ခရီးသည္မ်ားအေနျဖင့္ ကိုဗစ္သံသယျဖစ္ဖြယ္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႐ုတ္တရက္ အနံ႔အရသာေပ်ာက္ဆုံးျခင္း အစရွိသည့္ ေရာဂါလကၡဏာမ်ား အလုံးစုံကင္းစင္မွသာ သတ္မွတ္ခရီးစဥ္တြင္ လိုက္ပါရမည္။ (သက္ဆိုင္ရာၿမိဳ႕သို႔

ေလယာဥ္ဆိုက္ေရာက္ပါက ေဒသအာဏာပိုင္မ်ား၏ က်န္းမာေရးစစ္ေဆးမႈမ်ားႏွင့္ လိုအပ္ေသာ အသြားအလာကန႔္သတ္ျခင္း လုပ္ငန္းစဥ္မ်ားအား မျဖစ္မေန လိုက္နာ ေဆာင္႐ြက္ရန္၊) မွတ္ခ်က္။ ။Quarantine ဆိုင္ရာ သတ္မွတ္ခ်က္မ်ားသည္ ေျပာင္းလဲလာသည့္

အေျခအေနအခ်ိန္အခါ (Changing Epidemiological Situation) ေပၚမူတည္၍ ေျပာင္းလဲမႈမ်ား ရွိႏိုင္ပါသည္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ႏွင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန။ (၅.၁၂..၂၀၂၀)။

ယူနီကုဒ္ျဖင့္ဖတ္ရန္

လေယာဉ်ထွက်ခွာ/ ဆိုက်ရောက်မည့် မြို့နယ်များ၏ Stay at Home သတ်မှတ်ချက်ပေါ် မူတည်ကာ လိုက်ပါမည့်ခရီးသည်များ လိုက်နာဆောင်ရွက်ရမည့် ကိုဗစ်ရောဂါ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုနှင့် အသွားအလာ ကန့်သတ်ခြင်း –  (က) ခရီးစဉ် စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း

Rapid Antigen Diagnostic Test (NDT)ဖြင့် စစ်ဆေးထားသည့် ကိုဗစ်ရောဂါပိုး မရှိကြောင်း ဓါတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့်အချိန်၌ တင်ပြနိုင်ရမည်။ (ခ) Check-in ဝင်သည့်အချိန်တွင် မိမိနေရပ်လိပ်စာ ဖြည့်စွက်ရာတွင် ဆိုက်ရောက်သည့်မြို့၌ တည်းခိုမည့်

နေရာကို တိကျမှန်ကန်စွာ ဖြည့်စွက်ရမည်။ (ဂ) Stay-at-Home ဒေသမှလာသော ခရီးသည်များအနေဖြင့် Non-Stay-at-Home ဒေသသို့ရောက်ရှိပါက FacilityQuarantine (သို့မဟုတ်) Hotel Quarantine ဝင်ရမည်။ ရောက်ရှိသည့်နေ့၌ Facility Quarantine

မလုံလောက်ပါက Hotel Quarantine ကို မိမိစရိတ်ဖြင့် ဝင်ရောက်ရမည်။ Quarantine ဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် RT-PCR Test ကို မိမိစရိတ်ဖြင့် စစ်ဆေး၍ ရောဂါပိုးမတွေ့ရှိပါက Quarantine မှ ထွက်နိုင်သည်။ RT.PCR Test ဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ

Rapid Antigen Diagnostic Test (NDT) ဖြင့်သာစစ်ဆေးပါက Quarantine ကို ၇ ရက်အကြာဝင်ရမည်။ စစ်ဆေးမှုစရိတ်များကို အောက်ပါအတိုင်း မိမိစရိတ်ဖြင့် ပေးချေရမည်။ စစ်ဆေးမှုအမျိုးအစား – Reverse Transcriptase Polymerase Chain Reaction

Test (RT-PCR) တစ်ကြိမ်ဈေးနှုန်း ၃၅,၀၀၀ ကျပ်၊ Rapid Antigen Diagnostic Test (RDT)တစ်ကြိမ်ဈေးနှုန်း ၁၀,၀၀၀ ကျပ်၊ (ဃ) Stay-at-Home ဒေသမှလာသော ခရီးသည်များအနေဖြင့် အခြား Stay-at-Homeဒေသသို့ သွားပါက ခရီးစဉ်စတင်မထွက်ခွာမီ ၃၆

နာရီအတွင်း Rapid Antigen Diagnostic Test (NDT) ဖြင့် စစ်ဆေးထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။ (c) Non-Stay-at-Home ဒေသမှလာသော ခရီးသည်များအနေဖြင့် မည်သည့်ဒေသသို့ပင် သွားစေကာမူ ခရီးစဉ် စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း

Rapid AntigenDiagnostic Test (RDT) ဖြင့် စစ်ဆေးထားပြီး ဖြစ်သဖြင့် Quarantine ဝင်ရန်မလို။ (စ) သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား

မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်။ (ဆ) ခရီးသည်များအနေဖြင့် ကိုဗစ်သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှသာ သတ်မှတ်ခရီးစဉ်တွင် လိုက်ပါရမည်။ (သက်ဆိုင်ရာမြို့သို့

လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရန်၊) မှတ်ချက်။ ။Quarantine ဆိုင်ရာ သတ်မှတ်ချက်များသည် ပြောင်းလဲလာသည့်

အခြေအနေအချိန်အခါ (Changing Epidemiological Situation) ပေါ်မူတည်၍ ပြောင်းလဲမှုများ ရှိနိုင်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန။ (၅.၁၂..၂၀၂၀)။