ဝက္မ်ား ပိန္သြယ္ၿပီး အရသာေကာင္းေစဖို႔ (၁၀)ေပျမင့္တဲ့ ေရငုပ္စင္တစ္ခု ေဆာက္လုပ္ေပးခဲ့တဲ့ျခံပိုင္ရွင္

ဝက္မ်ား ပိန္သြယ္ၿပီး အရသာေကာင္းေစဖို႔ (၁၀)ေပျမင့္တဲ့ ေရငုပ္စင္တစ္ခု ေဆာက္လုပ္ေပးခဲ့တဲ့ျခံပိုင္ရွင္။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) ေပါက္ေဖာ္ႏိုင္ငံ ဟူနန္ျပည္နယ္ရွိ Huang Deming အမည္ရွိတဲ့လယ္သမားတစ္ဦးဟာ

သူေမြးျမဴထားတဲ့ဝက္မ်ားအတြက္ အလြန္ထူးျခားသည့္အရာတစ္ခုျပဳလုပ္ခဲ့ပါတယ္။ Huangက ဝက္မ်ားအတြက္ က်န္းမာေရးေလ့က်င့္ခန္းလုပ္ေပးျခင္းက သူတို႔ရဲ႕အသားအရသာကို ပိုမိုေကာင္းမြန္ေစတယ္လို႔ ယုံၾကည္ေနပါတယ္။ ဒါေၾကာင့္ သူဟာ Ningxiang County

အမည္ရွိေရကန္ငယ္မွာ ၁၀ ေပျမင့္တဲ့သစ္သားေရငုပ္စင္တစ္ခု တည္ေဆာက္ေပးခဲ့ပါတယ္။ Huangဟာ ေန႔တိုင္းသူရဲ႕ၿခံထဲရွိဝက္မ်ားကို Ningxiang County ေရကန္ရွိ သစ္သားေရငုပ္စင္သို႔ ပို႔ေဆာင္ေပးၿပီး ဝက္တစ္ေကာင္ခ်င္းစီကို ေရကန္ထဲသို႔ေရငုပ္ေစပါတယ္။

ဒီေလ့က်င့္ခန္းက ဝက္ရဲ႕ကိုယ္ခံစြမ္းအားစနစ္ကိုျမႇင့္တင္ေပးတယ္လို႔ Huangက အခိုင္အမာေျပာဆိုေနခဲ့ပါတယ္။ သူတို႔ရဲ႕အစာစားခ်င္စိတ္ကိုတိုးျမႇင့္ေပးတယ္လို႔လည္း ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ဝက္ရဲ႕အသားမ်ားဟာ ေဈးကြက္ရွိ ပုံမွန္ဝက္မ်ားထက္ အရသာပိုမိုေကာင္းမြန္ၿပီး

အၿမဲလႈပ္ရွားေနတဲ့ ဝက္မ်ားရဲ႕တည္ေဆာက္ပုံက အဆီသိပ္မမ်ားဘဲ အ႐ြယ္အစားလည္း သိပ္မႀကီးမားတဲ့အတြက္ေၾကာင့္ ဝက္မ်ားကို သက္ေသာက္သက္သာရွိေစပါတယ္။ တစ္ကယ္လည္း က်စ္လ်စ္တဲ့အလႊာမ်ားႏွင့္ အဆီမ်ားေရာေႏွာမႈက ဝက္မ်ားရဲ႕အေကာင္းဆုံးအသား

ျဖစ္တယ္လို႔ ထင္ျမင္မိၾကမွာပါ။ လတ္ဆတ္တဲ့ အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္ေတြစားၿပီး ႂကြက္သားေလ့က်င့္ခန္းမ်ားမ်ားျပဳလုပ္တဲ့ ဝက္မ်ားဟာ ဝက္ၿခံရွိ တစ္ေန႔လုံးျမင့္မားတဲ့ ကစီဓာတ္အေစ့အဆန္မ်ား စားသုံးေနတဲ့ဝက္မ်ားထက္ အဆီနည္းတယ္လို႔ လူသားတစ္ဦးက

Huangရဲ႕ ဝက္မ်ားကို ဂ႐ုတစိုက္ရွိၿပီး ေလ့က်င့္ေပးပုံကို ခ်ီးက်ဴးထားပါေသးတယ္။ ပုံမွန္ေလ့က်င့္ခန္းလုပ္တဲ့ ဝက္မ်ားဟာ အထီးက်န္ေနတဲ့ဝက္မ်ားထက္ ပိုမိုက်န္းမာၿပီး ေတာ္႐ုံႏွင့္ဖ်ားနာျခင္းမျဖစ္ပါဘူး။ တ႐ုတ္ႏိုင္ငံ ဟူနန္ျပည္နယ္ရွိ အျခားလယ္သမားမ်ားဟာ

ဝက္သားအတြက္ Huangရဲ႕က်န္းမာႀကံ့ခိုင္တဲ့ဝက္မ်ားကို ဝယ္ယူစားသုံးေနၾကၿပီး ဝက္ေရာင္းဝယ္မႈေတြကိုလည္း Huang ဆီမွာသာ ျပဳလုပ္ေနလ်က္ရွိသလို သူတို႔ကိုယ္တိုင္လည္း အခုလို ေမြးျမဴေရးစနစ္ေတြ က်င့္သုံးေနၾကပါၿပီ။ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဝက်များ ပိန်သွယ်ပြီး အရသာကောင်းစေဖို့ (၁၀)ပေမြင့်တဲ့ ရေငုပ်စင်တစ်ခု ဆောက်လုပ်ပေးခဲ့တဲ့ခြံပိုင်ရှင်။ ပေါက်ဖော်နိုင်ငံ ဟူနန်ပြည်နယ်ရှိ Huang Deming အမည်ရှိတဲ့လယ်သမားတစ်ဦးဟာ

သူမွေးမြူထားတဲ့ဝက်များအတွက် အလွန်ထူးခြားသည့်အရာတစ်ခုပြုလုပ်ခဲ့ပါတယ်။ Huangက ဝက်များအတွက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ပေးခြင်းက သူတို့ရဲ့အသားအရသာကို ပိုမိုကောင်းမွန်စေတယ်လို့ ယုံကြည်နေပါတယ်။ ဒါကြောင့် သူဟာ Ningxiang County

အမည်ရှိရေကန်ငယ်မှာ ၁၀ ပေမြင့်တဲ့သစ်သားရေငုပ်စင်တစ်ခု တည်ဆောက်ပေးခဲ့ပါတယ်။ Huangဟာ နေ့တိုင်းသူရဲ့ခြံထဲရှိဝက်များကို Ningxiang County ရေကန်ရှိ သစ်သားရေငုပ်စင်သို့ ပို့ဆောင်ပေးပြီး ဝက်တစ်ကောင်ချင်းစီကို ရေကန်ထဲသို့ရေငုပ်စေပါတယ်။

ဒီလေ့ကျင့်ခန်းက ဝက်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ပေးတယ်လို့ Huangက အခိုင်အမာပြောဆိုနေခဲ့ပါတယ်။ သူတို့ရဲ့အစာစားချင်စိတ်ကိုတိုးမြှင့်ပေးတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဝက်ရဲ့အသားများဟာ ဈေးကွက်ရှိ ပုံမှန်ဝက်များထက် အရသာပိုမိုကောင်းမွန်ပြီး

အမြဲလှုပ်ရှားနေတဲ့ ဝက်များရဲ့တည်ဆောက်ပုံက အဆီသိပ်မများဘဲ အရွယ်အစားလည်း သိပ်မကြီးမားတဲ့အတွက်ကြောင့် ဝက်များကို သက်သောက်သက်သာရှိစေပါတယ်။ တစ်ကယ်လည်း ကျစ်လျစ်တဲ့အလွှာများနှင့် အဆီများရောနှောမှုက ဝက်များရဲ့အကောင်းဆုံးအသား

ဖြစ်တယ်လို့ ထင်မြင်မိကြမှာပါ။ လတ်ဆတ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေစားပြီး ကြွက်သားလေ့ကျင့်ခန်းများများပြုလုပ်တဲ့ ဝက်များဟာ ဝက်ခြံရှိ တစ်နေ့လုံးမြင့်မားတဲ့ ကစီဓာတ်အစေ့အဆန်များ စားသုံးနေတဲ့ဝက်များထက် အဆီနည်းတယ်လို့ လူသားတစ်ဦးက

Huangရဲ့ ဝက်များကို ဂရုတစိုက်ရှိပြီး လေ့ကျင့်ပေးပုံကို ချီးကျူးထားပါသေးတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ ဝက်များဟာ အထီးကျန်နေတဲ့ဝက်များထက် ပိုမိုကျန်းမာပြီး တော်ရုံနှင့်ဖျားနာခြင်းမဖြစ်ပါဘူး။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ အခြားလယ်သမားများဟာ

ဝက်သားအတွက် Huangရဲ့ကျန်းမာကြံ့ခိုင်တဲ့ဝက်များကို ဝယ်ယူစားသုံးနေကြပြီး ဝက်ရောင်းဝယ်မှုတွေကိုလည်း Huang ဆီမှာသာ ပြုလုပ်နေလျက်ရှိသလို သူတို့ကိုယ်တိုင်လည်း အခုလို မွေးမြူရေးစနစ်တွေ ကျင့်သုံးနေကြပါပြီ။ လေးစားစွာဖြင့် ခရက်ဒစ်